Subscribe:

ဈေးသည်ကြီး

ဖိနပ်မပါတဲ့ ခြေအစုံက

ဝမ်းရေးကြောင့် ကြမ်းရှခဲ့လေရဲ့

အစာအိမ် အစိုဓါတ်မပျောက်စေဖို့

အာခေါင်ခြောက်အောင် ဟစ်ခဲ့ရတယ်

ချွေးစက်တွေနဲ့ မနက်ဖြန်တွေအတွက်

တရာသီဝင် တရာသီထွက်နဲ့

ခေါင်းပေါ်က ဈေးဗန်း

ငါ့ထီးငါ့နန်း ဖြစ်ခဲ့တယ်...။

1 comments:

နွေဆူးလင်္ကာ said...

ဈေးသည်ကြီးကို ဖတ်သွားပါတယ်။
ကျနော်လည်း တရာသီဝင် တရာသီထွက် ငါ့ထီးငါ့နန်း ဈေးဗန်းရွက်ပြီး ရောင်းလိုက်ဦးမယ်

Post a Comment