Subscribe:

ကျောင်းသားမဟုတ်တော့တဲ့အခါ ကျောင်းဟာလွမ်းစရာဖြစ်လာ





အဖြူရောင်ဟာ ဒီနေရာမှာ စခဲ့ကြတယ်ဆိုရင်
ဒီနေရာဟာ အဖြူရောင်နယ်နိမိတ်ပဲ ။
ခဲတံကို စက်တပ်ခလုတ်နှိပ်ပြီး သုံးနိုင်သူတွေရှိသလို
ခဲတံကို တံတွေးစွတ်အားစိုက် ဖိရေးကြသူတွေလဲရှိမယ်
ခမ်းနားတဲ့ အတိတ်တွေ အရိပ်ကျနေတဲ့ ကျောင်းဟာ
ခြံစည်းရိုးအသစ်နဲ့ လှနေတုန်းပဲ ။
ငါတို့တုန်းကလေ .... စသည်ဖြင့်
လွမ်းစရာဟာ ရာစုနှစ်နဲ့အပြည့်အဝ
ကျောင်းဟာ နုပျိုနေတုန်းပဲ ။
ကဲ ... ငိုရတာလဲ ရှိချင်ရှိမယ်
မျက်ရည်ဟာ ကျောင်းကိုရောက်ရင် အရောင်တောက်လာတယ်
နေရတာက ဘေးလူတစ်ယောက်လို
နွေးထွေးမှုဟာ ကိုယ့်အပေါ်ကို တည့်တည့်မကျဘူး
မရှိတော့မှ ပိုတန်ဖိုးကြီးလာတတ်တဲ့အရာတွေထဲ
မုန့်ဈေးတန်းနဲ့ စိန်ပန်းပင်တွေ တလှည့်စီ လွမ်းကြ
တမ်းတမ်းတတဖြစ်လာရင် မျက်လုံးတွေကို အရည်ဖျော်ကြ
ပျော်ကျလာတဲ့ မျက်ရည်တွေထဲမှာ အရိပ်ထင်နေမယ်  ကျောင်း ။

- မင်းလုလင် -

( ပဲခူးမြို့  ။ အ . ထ . က ( ၃ ) ကျောင်းအား သတိရလွမ်းဆွတ်မိစဉ်က )

2 comments:

လူခါး said...

ကြိုက်တယ်..။ကျောင်း နဲ့ ပတ်သက်ပြီး ခံစားလို့ ရတဲ့ ကဗျာ ကောင်းပါပဲ။

ဝေမှူးသွင် said...

ကျောင်းစိမ်းမလေးတစ်ယောက်ပါလာရင်ပိုကောင်းမယ်

Post a Comment