Subscribe:

ပင်လယ်ပျော်

မြင်ကွင်းတိုင်းက
ကမ္ဘာကြီးလုံးကြောင်းသက်သေ
အထီးကျန်အတွေးတွေမှာ
စင်ရော်ငှက်တကောင်တောင် အဖော်မပါဘူး.။

အမြုတ်တစီစီနဲ့
လှိုင်းခေါင်းဖြူဖြူတွေ
သေမင်းတေးကို တလှည့်စီဆိုလို့
ညရေးညတာကို တိုက်စားနေတယ်

" ယနေ့ ရွာရန်ရာခိုင်နှုန်း........
ယနေ့လေတိုက်နှုန်း.........."
အထပ်ထပ်ရွတ်ဖတ်နေရတဲ့ ဂါထာတခုလို
နှုတ်ခမ်းပေါ် မကြာမကြာဆွဲတင်ရင်း
ပင်လယ်မီးစုန်းတွေတောက်တဲ့အချိန်
ကျွန်တော် အိမ်ပြန်နောက်ကျမယ် အမေ....။

1 comments:

MMTU-SUB LABOUR EDUCATION AND SOLIDARITY CENTER said...

ကျနော်က ပင်လယ်ပျော်ယူနီယံ ကဆိုတော့ ကဗျာခေါင်းစဉ်လေးရယ် အတွင်းသား စာသားလေးတွေ ကို လာရောက်ခံစားသွားပါတယ်
လေးစားစွာ
ကိုသူရ

Post a Comment