အချိန်တွေက တဖြည်းဖြည်း အညိုရောင်သန်းလာတယ်
တစက္ကန့်.....ပြီး.....နောက်တစ်စက္ကန့်
ဝေးရမယ်ဆိုတော့လဲ ကိုယ့်ဗီဇက မခမ်းနားနိုင်တော့ဘူးလေ
ကကြိုးပျက်ခဲ့တဲ့ ရုပ်သေးရုပ်လို
ကိုယ့်အသွေးအသားနဲ့ကိုယ် ကြိုးမိန့်ကျသွားတယ်
ငါ့ရဲ့ သစ်ရွက်ငယ်လေးရေ...
တိုးတိတ်တိုက်ဆိုင်စွာ နင်ကြွေခဲ့တဲ့နေရာက
ငါ့ရင်တည့်တည့်ဖြစ်နေခဲ့တော့...
.................................................
ငါ့ကိုယ်ငါ တံခါးလုပ်ပြီး
နင့်အတွက် ဖွင့်ထားပေးလိုက်တယ်
သွားလိုရာသွားပါတော့ သစ်ရွက်လေးရေ...
ပြက္ခဒိန်တွေကို ခေါက်သိမ်းပြီး
ငါ့သမိုင်း တပိုင်းတစ
နင့်ဘ၀အတွက် ရေမျောကမ်းတင် သံယောဇဉ်တောင် ကျန်မနေပါစေနဲ့
နင်သိမ်ငယ်မှာ စိုးလို့ပါကွယ်
ရာသီအသစ်အသစ်တွေရဲ့ တောက်ပမှုနဲ့
နင်ပြန်လည် ပွင့်ဖူးပါ သစ်ရွက်ငယ်
ရေလောင်းပေါင်းသင်ဖို့မေ့လျော့ခဲ့တဲ့ ဥယျာဉ်မှူးအတွက်
ပန်းပွင့်လေးကို ခူးဆွတ်ဖို့ဆိုတာ ...........
..................................................
လေပြေတွေကို လိမ်းခြယ်ရင်း
နေရောင်ခြည်ကိုသောက်သုံးရင်း..
ငါ့ကိုမေ့ထားခဲ့ပါကွယ်....
လရောင်စိုစိုတွေကို ရှူရှိုက်ရင်း
လေချွန်သံလှလှလေးတွေကို ဖန်တီးရင်း
ငါ့ကိုမေ့ထားခဲ့ပါကွယ်....
ဂီတသံတွေကို နားစွင့်ရင်း
တိမ်တွေကိုငေးမောရင်း
ငါ့ကိုမေ့ထားခဲ့ပါကွယ်...
....ငါ့ကို.....မေ့.....ထား.......ခဲ့......ပါ.......ကွယ်........။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment