Subscribe:

ပြက္ခဒိန်ပေါ်က လမ်းဆုံ

သတိရခြင်းကို ဖွင့်ဆိုဖို့
ရာသီအလုံအလောက်မရှိတော့ဘူး
ငါတို့က ရိတ်သိမ်းချိန်မတိုင်ခင်
အကြွေစောခဲ့တာပါ....ကောင်မလေးရယ်

ဘ၀ကိုချော်လဲရောထိုင်လုပ်ဖို့
ဘာလို့ မေ့လျော့နေခဲ့တာလဲ
ပုစဉ်းရင်ကွဲတကောင်ရဲ့ နောက်ဆုံးထွက်သက်ကို
တို့နှစ်ယောက် ကာရံမမိလိုက်ဘူး

တတ်နိုင်သလောက် နားလည်ပေးလိုက်ကြတာပေါ့ ကောင်မလေးရေ
ဝင်သက်ထွက်သက်တွေက ကျပ်တည်းလွန်းတယ်
အလွမ်းလို့ခေါင်းစဉ်တပ်ဖို့
တို့နစ်ယောက် ရာဇ၀င်ထဲ ပြန်ဝင်ကြပါစို့ကွယ်....။

1 comments:

နွေဆူးလင်္ကာ said...

ရာဇဝင်ထဲ ပြန်ဝင်ရင် သတိထားဗျို့ .. တချို့ သမိုင်းတွေက အပျောက်ရိုက်တာ ခံလိုက်ကြရတယ် ...

Post a Comment