ကိုယ့်ဘ၀ကိုယ် ပုံဖော်ရတာလောက်
အောက်တန်းကျတာမရှိဘူး
အသက်..။ ။
(၂၁) ခါတွေးပြီးရင် မနက်ဖြန်ကိုရောက်ပြီ.
အရိပ်တွေ ညနက်နေတုန်းပဲ
ကိုယ့်အဓိပ္ပါယ်ကိုယ်ပြန်ရှာမတွေ့တဲ့အခါ
စိတ်...။ ။.
ကမ္ဘာကို အလောင်းကောင်လို မြေမြုပ်ပစ်ခဲ့တယ်..။
အပျက်မ မျက်ရည်လောက်မှ မခမ်းမနားပဲ
အာဃာတတွေအန်ချဖို့တဲ့
ပါးစပ်ပေါက်ကို ဆွဲဆွဲချဲ့နေရတာ မောတယ်..။
သေနတ်တချက်ဖောက်ရင်
ပေါင်မုန့်တလုံး ပျောက်တဲ့ခေတ်...
ဒါဏ်ရာကို တိုးတိုးလေး ညီးညူဖို့
အသံတွေက ကျယ်လွန်းနေတဲ့ခေတ်...
ကမ်းထားတဲ့လက်တွေက
သွေးညှီနံ့တထောင်းထောင်းနဲ့ဆိုတော့
ကမ္ဘာကို အလောင်းကောင်လို မြေမြုပ်ပစ်ခဲ့တယ်
တချို့သွေးစသွေးနတွေက နေရာမရွေးဘူး
ကိုယ့်ကိုသဂြို င်္လ်မဲ့မီးကို
ကျောက်ခဲရိုက် မွှေးနေရသလို
မြို့ကြီးပြကြီးမှာ ခွေးရူးကိုက်ခံနေရတယ်
နေ့စာညစာက အံလွဲနေတော့
ရင်ဘတ်ထဲ ချောင်းကြည့်ရတာတောင် အိပ်ရေးပျက်တယ်..။
တကယ်တော့
ကိုယ့်ဘ၀ကိုယ်ပုံဖော်ရတာလောက်
အောက်တန်းကျတာ မရှိဘူးမဟုတ်လား...။။။။
မင်းလုလင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment