Subscribe:

ဖြစ်နိုင်ရင် ဒီကဗျာနဲ့ ဝေးဝေးနေပါ

ခင်ဗျားရဲ့ အသက်ရှူသံတွေ ခဏလောက်ငှားချင်တယ်

ကျွန်တော့စကားလုံးတွေ လေငတ်နေလို့....

အတွေးတွေနဲ့ ဆန်းသစ်ပြတာလား

စကားလုံးတွေနဲ့ လမ်းသစ်ပြတာလား

သေချာတာကတော့

ကျွန်တော်က ကဗျာဆရာမဟုတ်ဘူး

ကဗျာရေးသူသက်သက်

စကားလုံးတွေနဲ့ အဂ္ဂိရတ် ထိုးနေသူတယောက်

ခင်ဗျားပြောတဲ့ အတင်းတွေ သတင်းတွေ

ခင်ဗျားပြောတဲ့ အလင်းတွေ အမှောင်တွေ

ခင်ဗျားပြောတဲ့ အ၀ိဇ္ဇာတွေ တဏှာတွေ

ဖြစ်နိုင်ရင် ကဗျာဆိုတာကို ခဏမေ့ထားလိုက်ပါ

စကားလုံးတွေကခုန်တဲ့ ပြဇာတ်မှာ

ကျွန်တော်က ကားဆွဲ မီးထိုး သက်သက်မျှပဲ

လက်ထဲကထွက်ကျလာတဲ့အမှန်တရား....!!!!

ဖြစ်နိုင်ရင် ဝေးဝေးမှာ သွားထားလိုက်စမ်ပါ

အမှန်တရားဆိုတာ အမှားလှအောင် ဖန်တီးပေးထားတဲ့ အိမ်ဖြည့်သက်သက်ပဲ

ကျွန်တော်....

ခင်ဗျား......

သူ......

သူမ......

တခါတလေမှန်ပြဖို့ တတ်နိုင်သလောက်မှားပြခဲ့တယ်လေ

ဖြစ်နိုင်ရင်ဗျာ

(ရိုင်းတယ်မထင်ပါနဲ့)

ခင်ဗျားကိုယ်တိုင် ဒီကဗျာနဲ့ ဝေးဝေးမှာနေပေးပါ

...................................နောင်ရိုး.....

0 comments:

Post a Comment