Subscribe:

အ၀ါရောင်ရာသီနဲ့လွဲခဲ့တဲ့ သံစဉ်

ခပ်ဆိုးဆိုးရယ်တော့မဟုတ်ပါဘူး
ကြိုးပြတ်ခဲ့တယ် ဆိုရုံပါပဲ
နှင်းတွေကခေါင်လှချည့်လား...ဆောင်းရယ်
ကြိုးပြတ်သွားတဲ့ ဂစ်တာကြီးက တိုးတိုးလေး ညည်းတယ်
လေတွေအဆုပ်လိုက်ကြဲကျတဲ့အထဲမှာ
သံစဉ်ဖြည်းဖြည်းလေးတပိုဒ်
လွင့်ပါလာရဲ့.......
ငါငိုနေတာမဟုတ်ပါဘူး
ဂစ်တာအိုကြီးက (အထိတ်တလန့်)ငြင်းတယ်
နှင်းတွေက ခေါင်နေတုန်းပဲ ဆောင်းရေ...
ဂစ်တာကြီးက လွမ်းလွမ်းဆွေးဆွေး
အသံတွေတောင် မေ့မေ့ကုန်ပြီလေ
(ဒီလိုနဲ့ပဲ)
ရာသီတွေမှာ...(အဲဒိနှင်းခေါင်တဲ့ရာသီတွေမှာ)
ကျိုးပျက်သွားတဲ့ ဂစ်တာအိုကြီးရဲ့ ငိုသံတွေကို
(ဘယ်တော့မှ)
မကြားရတော့ဘူးလေ....။

0 comments:

Post a Comment